သရေကျခဲ့ပေမယ့် ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေတဲ့ ရှမ်းယူနိုက်တက်

0
193

Myanmar National League 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-6) ပွဲစဉ်တစ်ပွဲအဖြစ် မေလ ၂၇ ရက် ညနေပိုင်းက သုဝဏ္ဏကွင်းတွင် ကချင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဥ်ကစားခဲ့ကြသည်။

ထိုသို့ယှဉ်ပြိုင်ကစားရာ တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးမရှိ သရေရလဒ်ဖြင့်ပွဲပြီးဆုံးသွားခဲ့သည်။

လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းသည် ယမန်နေ့ပွဲတွင် ကချင်ယူနိုက်တက်အသင်းနှင့် သရေကျခဲ့သော်လည်း ခြောက်ပွဲကစားပြီးချိန်တွင် ငါးပွဲ နိုင်၊ တစ်ပွဲ သရေ ရမှတ် ၁၆ မှတ်ဖြင့် အဆင့် ၁ နေရာတွင် ဆက်လက် ရပ်တည်နေသည်။

အဆင့် ၂ နေရာတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၁၅ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၃ တွင် ဟံသာဝတီယူနိုက်တက်အသင်းက ရမှတ် ၁၃ မှတ်ဖြင့် အသီးသီးရပ်တည်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here