ဘားအံမြို့က ဒူးရင်းသီး ဘူဖေးပွဲတော်တွင် စားသုံးသူများပြားခဲ့သည့်အတွက် နာရီပိုင်းနှင့်ကုန်ကာ လာစားသူအချို့ကို ငွေပြန်အမ်းရ

0
451

ဘားအံမြို့တွင် ဒူးရင်းသီး ဘူဖေးပွဲတော် ကျင်းပရာ စား သုံးသူများပြားခဲ့သည့်အတွက် အရှုံးပေါ်ခဲ့ရပြီး မစားရသည့်သူများကို ငွေပြန်အမ်းခဲ့ရကြောင်း ပွဲစီစဉ်သည့် ညီသုတ သစ်သီးပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ပြီးခဲ့သည့် မေလ (၂၇) ရက်က ကရင်ပြည်နယ် ဘားအံမြို့၌ ပြုလုပ်ခဲ့သည့် “ဒူးရင်း Buffet အဝလွေး” အစီအစ ဉ်အတွက် လူကြီးတစ်ဦးကို ကျပ် ၂၅၀၀၀ သတ်မှတ်ထားပြီး လာရောက် သုံးဆောင်သူများပြားလွန်းခဲ့ပြီး တစ်နာရီအတွင်း ဒူးရင်းသီးအလုံးကြီး (၅၀၀) ကျော် ကုန်သွားခဲ့ကြောင်း သိရသည်။

“ “ဒူးရင်း Buffet အဝလွေး” အစီအစဉ်မှာ အနယ်နယ်အရပ်ရပ်က လာရောက် သုံးဆောင်ကြတဲ့ ဒူးရင်းချစ်သူများ အနေနဲ့ အပီအပြင်ကို အဝလွေးခဲ့ကြတဲ့အတွက် ဒီနှစ်တော့ တကယ်ကို ဒိုင်ကွဲပါတယ် ခင်ဗျာ။ လူ (၁၀၀) ကျော် စာအတွက် တစ်ယောက်ကို ဒူးရင်းသီး အကြီး (၅) လုံးနှုန်းနဲ့ စီစဉ်ထားပေမယ့် တစ်နာရီအတွင်းမှာပဲ ဒူးရင်း အလုံးအကြီး (၅၀၀) ကျော် ကုန်သွားတယ်။ မစားလိုက်ရတဲ့ ဧည့်သည်တွေကို Refund ပြန်ပေးခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

ဒူးရင်း Buffet ပွဲဖြစ်မြောက်ရေးအတွက် စုစုပေါင်း ကုန် ကျငွေ (၅၅) သိန်းကျော်တွင် လက်မှတ်ရောင်းရငွေမှာ (၂၂) သိန်း ကျော်ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

ကုန်ကျငွေ (၅၅) သိန်းတွင် သစ်သီးတစ်မျိုးတည်းအတွ က် (၄၃) သိန်းကျော် ကုန်ကျခဲ့ကာ ကျွေးမွေးမှုအနေဖြင့် ဒူးရင်းသီး အလုံး (၅၀၀) ကျော်၊ မင်းဂွတ်သီး အလုံး (၃၀၀)၊ ယိုးဒယားကြက်မောက်သီး (၃၆) ကီလို ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ “ဒူးရင်း Buffet အဝလွေး” အစီအစဉ်တွင် ပွဲခင်းထဲသို့ အမှန်တစ်ကယ်လာရောက်စားသုံးသူဦးရေမှာ ၁၃၁ ဦးရှိပြီး လက်မှတ်ဖိုးပြန်လည်ပေးခဲ့ရသည့်ဦးရေမှာ၂၅ ဦးရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ နှစ်တွင်လည်း “ဒူးရင်း Buffet အဝလွေး” အစီအစဉ်ကို ပြုလုပ်ခဲ့ရာ လူဦးရေ (၇၅) ယောက် လာရောက်သုံးဆောင်မှုရှိခဲ့ပြီး လာမည့်နှစ်များတွင်လ ည်း အဆိုပါအစီအစဉ်ကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ညီသုတ Facebook


LEAVE A REPLY

Please enter your comment!
Please enter your name here