တောင်ဒဂုံ (၅၅) ရပ်ကွက်ရှိ Gas ဆိုင်တစ်ဆိုင်တွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွား

0
220

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၅၅) ရပ်ကွက်ရှိ Gas ဆိုင်တစ်ဆိုင်တွင် ယနေ့ မေ (၂၉ ) ရက် နံနက်ပိုင်းက Level 1 အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့ နံနက် ၁၀ နာရီခွဲ ဝန်းကျင်က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၅)ရပ်ကွက်၊ မင်းရဲကောင်းပုံလမ်းရှိ Gas ဆိုင်တစ်ဆိုင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား၍ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် နီးစပ်ရာမြို့နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရခြင်း ဖြစ်သည်။

“Gas ဆိုင်မှာမီးလောင်တာပါ။ မီးငြှိမ်းနေတုန်းမှာပဲ Gas အိုးတွေ ပေါက်ကွဲတာရှိတယ်။ အချိန်မီ မီးထိန်းနိုင်ခဲ့ပါတယ်။ မီးလောင်ချိန်သိပ်မကြာပေမယ့် ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုအား Level 1 အဆင့်ဖြင့်ဝိုင်းဝန်းငြှိမသတ်ခဲ့မှုကြောင့် နံနက် ၁၀ နာရီ ၄၁ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀ နာရီ ၄၆ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here