ပအိုဝ်းဒေသရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် ရင်းနှီး မြှုပ်နှံမှုချေးငွေများကို ဦးစားပေးထုတ်ပေးလျက်ရှိ

0
248

ပအိုဝ်းဒေသ၌ MSME လုပ်ငန်းများဖွံဖြိုးတိုး တက်စေရန် နိုင်ငံတော်မှလုပ်ငန်းဆောင်ရွက်ရန် လိုအပ်သည့်အရင်းအနှီးများအား သတ်မှတ်ထားသော ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံး လုပ်နည်းများ စည်းကမ်းဥပဒေများနှင့်အညီ ထုတ်ချေးပေးလျက်ရှိခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌက မေ ၂၉ ရက်မွန်းလွဲပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များအား ဟိုပုံးမြို့၌ တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

လုပ်ငန်းဆောင်ရွက်ရန်လိုအပ်သည့် အရင်းအနှီးများအား သတ်မှတ်ထားသည့်ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊စည်းကမ်းဥပဒေများနှင့်အညီ နိုင်ငံတော်မှထုတ်ချေးပေးလျက်ရှိကာ တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုချေးငွေများကို ဦးစားပေးထုတ် ပေးလျက်ရှိသည်ဟု ဆိုသည်။

ပအိုဝ်းဒေသရှိ စိုက်ပျိုးမြေများကို ထိရောက်စွာအသုံးချရန်၊ ပအိုဝ်းဒေသတွင် ကော်ဖီနှင့်လက်ဖက်များစိုက်ပျိုးထုတ်လုပ်မှု၌ အထွက်နှုန်းနည်းပါးနေသဖြင့် စိုက်ပျိုးနည်းစနစ်များမှန်ကန်အောင်စိုက်ပျိုးရန်အကြံပြုခဲ့သည်။

ထို့အတူ ပအိုဝ်းဒေသတွင် တိရစ္ဆာန်အစားအစာများထုတ်လုပ်နိုင်သည့် စိုက်ပျိုးရေးထွက်ကုန်များထွက်ရှိပြီးဖြစ်၍ မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပြီး ထုတ်ကုန်များကို ပိုမိုဈေးနှုန်းသက်သာစွာဖြန့်ဖြူးနိုင်ရန်ဆောင်ရွက်ရမည်ဟု ဆိုသည်။

ထို့အတူ စက်သုံးဆီသုံးစွဲ၍ လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းထက် ရေအားလျှပ်စစ်ကိုထုတ်ယူသုံးစွဲစေလိုကြောင်း၊ရှမ်းပြည်နယ်အတွင်း၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများကို ဆောင်ရွက်လျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ကြောင်းတို့ကိုထည့်သွင်းပြောကြားခဲ့သည်။

“လျှပ်စစ်ဓာတ်အားရရှိမှသာ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊ အဲဒီလိုပဲ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်း လျှပ်စစ်ဓာတ်အားကိုအသုံးပြုလို့ရပါတယ်၊ ဒါ့ကြောင့် ပအိုဝ်းဒေသအတွင်းမှာ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ဖို့ကို ဝိုင်းဝန်းကြိုးပမ်းကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။

ပအိုဝ်းဒေသ၌ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here