မြန်မာ့စီးပွားရေးဘဏ်မှ ငွေစုအတိုးနှုန်းများကို ဇွန် ၁ ရက်မှစတင်၍တိုးမြှင့်

0
249

မြန်မာ့စီးပွားရေးဘဏ်မှ ငွေစုဘဏ်အပ်ငွေ၊ငွေစုလက်မှတ်အပ်ငွေနှင့်စာရင်းသေအပ်ငွေများ၏ အတိုးနှုန်းများကို ဇွန် ၁ ရက်ကစတင်၍ တိုးမြှင့်ပေးခဲ့သည်။

ငွေစုဘဏ်အပ်ငွေ၏အတိုးနှုန်းအား(၆)ရာခိုင် နှုန်း၊ငွေစုလက်မှတ်အပ်ငွေအတိုးနှုန်းအား(၇)ရာခိုင်နှုန်း၊စာရင်းသေအပ်ငွေအတိုးနှုန်းအား (၁) နှစ်အပ်ငွေ(၇)ရာခိုင်နှုန်းတို့အဖြစ် မြန်မာ့စီးပွားရေးဘဏ်မှ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

စာရင်းသေအပ်ငွေအတိုးနှုန်း၏ (၁)လအပ်ငွေကိုလည်း (၆)ရာခိုင်နှုန်း၊ (၃)လအပ်ငွေအား (၆ ဒသမ ၂၅)ရာခိုင်နှုန်း၊ (၆)လအပ်ငွေအား (၆ ဒသမ ၅)ရာခိုင်နှုန်း၊ (၉)လအပ်ငွေအား (၆ ဒသမ ၇၅)ရာခိုင်နှုန်းတို့သို့ တိုးမြှင့်ပေးခဲ့သည်။

ယခင်အတိုးနှုန်းများမှာ ငွေစုဘဏ်အပ်ငွေအတိုးနှုန်း(၅ ဒသမ ၅)ရာခိုင်နှုန်း၊ငွေစုလက်မှတ်အပ်ငွေအတိုးနှုန်း(၆ ဒသမ ၅)ရာခိုင်နှုန်း၊စာရင်းသေအပ်ငွေအတိုးနှုန်း(၁) နှစ်အပ်ငွေ(၆ ဒသမ ၅)ရာခိုင်နှုန်းတို့ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here