မြန်မာ – ရုရှား နှစ်နိုင်ငံကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရန် ဒူးမားလွှတ်တော် ဒုဥက္ကဋ္ဌနှင့် ဦးဝဏ္ဏမောင်လွင်တို့ ဆွေးနွေး

0
230

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားနိုင်ငံ ၊ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ Mr. Sholban Kara-Ool နှင့် နစက ကောင်စီ၀င် ဦးဝဏ္ဏမောင်လွင်တို့ မေလ (၂၉) ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဥ် မြန်မာ – ရုရှား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ရန်နှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ဒူးမားလွှတ်တော် ဒုဥက္ကဋ္ဌ H.E.Mr. Sholban Kara – Ool ဥက္ကဋ္ဌသည် ယမန်နေ့ ညနေပိုင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်လည်း သွားရောက်တွေ့ဆုံကာ နှစ်နိုင်ငံ ပါတီများအကြား ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်လာစေရေး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲ့သို့ USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုဥက္ကဋ္ဌ များဖြစ်သည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင်ဦးအောင်စိုး၊ ဦးလှသိန်း၊ ဦးအေးလွင်နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွတ်တော် ဒုဥက္ကဋ္ဌနှင့် အတူ အဖွဲ့ဝင်(၇)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here