အောင်မြေသာစံ မြို့နယ်ရှိ နန်းရှေ့တိုက်‌တော် လျှပ်စစ် ဓာတ်အားခွဲရုံတွင် လက်လုပ်မိုင်းပေါက်ကွဲ

0
224

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ (၆၆) လမ်း၊ (၁၇) လမ်းနှင့် (၁၈) လမ်းကြားရှိ နန်းရှေ့တိုက်တော် လျှပ်စစ်ဓာတ်အားခွဲရုံတွင် ယနေ့ မေ (၃၀) ရက် နံနက်ပိုင်းက လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် (၁၀) နာရီကျော်ခန့်က ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိ အမျိုးသား (၂) ဦးမှ နန်းရှေ့တိုက်တော် လျှပ်စစ်ဓာတ်အားခွဲရုံအား လက်လုပ်မိုင်းဖြင့် ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လုံခြုံရေးအဖွဲ့တွေ လာစစ်တဲ့အချိန်မှာ ကွန်ကျူးပိုက်အပြာရောင်နဲ့ လုပ်ထားတဲ့ လက်လုပ်မိုင်း အပိုင်းအစတွေကိုတွေ့ရှိခဲ့ရပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူမရှိပါဘူး” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် နန်းရှေ့တိုက်တော်ဓာတ်အားခွဲရုံ၏ AG 2000O ဗို့အားရှိ ဘာဂျာတံခါး ပေါက်ပြဲပျက်စီးကာ Traisper မှ ဆီများပန်းထွက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here