တိုင်ဖွန်းမဝါသည် ဖိလစ်ပိုင်မြောက်ပိုင်း၊ထိုင်ဝမ် အရှေ့ပိုင်းသို့တိုက်ခတ်ပြီး ဂျပန်တောင်ပိုင်းသို့ဦးတည်နေဟုဆို

0
266

ယယ်လန်၊မေ ၃၀

တိုင်ဖွန်းမုန်တိုင်းမဝါကြောင့် မေလ ၃၀ ရက်နေ့ကထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်း၌ လေပြင်းများတိုက်ခတ်ခြင်း၊မိုးရွာခြင်းနှင့်လှိုင်းကြီးခြင်းများဖြစ်ပေါ်စေခဲ့ပြီး ဖိလစ်ပိုင်မြောက်ပိုင်းသို့တစ်ချက်ဝင်ကာ ဂျပန်နိုင်ငံတောင်ပိုင်းသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားကြောင်းသိရသည်။

အဆိုပါမုန်တိုင်းကြောင့် ထိုင်ဝမ်တံငါရွာမှတံငါသည်များလည်း ဘေးလွတ်ရာသို့ရွှေ့ပြောင်းသွားကြရသည်ဟုသိရသည်။

ဂူအမ်သို့ဝင်ရောက်ပြီးချိန်၌ အတန်ငယ်အားပျော့သွားသော်လည်း တိုင်ဖွန်းမဝါသည် ဖိလစ်ပိုင်သို့ဝင်ချိန်၌ အမြင့်ဆုံးလေတိုက်နှုန်း ၁၅၅ ကီလိုမီတာအထိရှိနိုင်ပြီး အန္တရာယ်ရှိနေဆဲဖြစ်သည်ဟု ဖိလစ်ပိုင်နိုင်ငံမှ ကြိုတင်ခန့်မှန်းသူများကပြောကြားခဲ့သည်။

မုန်တိုင်းမဝါသည် ဆယ်စုနှစ်နှစ်ခုကျော်အတွင်း အမေရိကန်၏ ပစိဖိတ်နယ်မြေကိုဝင်ရောက်တိုက်ခတ်သည့် အပြင်းထန်ဆုံးတိုင်ဖွန်းမုန်တိုင်းအဖြစ် ဂူအမ်ကျွန်းကိုဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မော်တော်ကားများကိုလည်း လှန်ပစ်ကာ အိမ်ခေါင်မိုးများကျိုးကြေစေခဲ့ပြီး လျှပ်စစ်ဓာတ်အားများကိုလည်း ပြတ်တောက်စေခဲ့ကြောင်းသိရသည်။

Source :AP


LEAVE A REPLY

Please enter your comment!
Please enter your name here