မြန်မာနိုင်ငံ၌ကျင်းပမည့်ရွေးကောက်ပွဲအားကူညီပေးမည့် အကြောင်း တောင်ကြီးမြို့ထိလာပြောသည့် ဒူးမားလွတ်တော် ဒု-ဥက္ကဋ္ဌ

0
226

မြန်မာနိုင်ငံ၌ကျင်းပမည့်ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် ရုရှားနိုင်ငံမှကူညီပေးမည်ဟု ရုရှားနိုင်ငံ၊ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool က ဆွေးနွေးပြောကြားခဲ့သည်။

တောင်ကြီးမြို့သို့ရောက်ရှိနေသည့်
နစက ဥက္ကဋ္ဌအား မေ ၃၀ ရက်ညနေပိုင်းက ရုရှားနိုင်ငံ၊ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool က လာရောက်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်သည် မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံမှု ၇၅ နှစ်ပြည့်မြောက်သည့်နှစ်ဖြစ်၍ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများကို ဆက်လက်တိုးမြှင့်ရန်၊နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံတွင်အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန်၊ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

သိပ္ပံနှင့် နည်းပညာရပ်ပိုင်းဆိုင်ရာပညာရပ်များအပါအဝင် လူသားအရင်းအမြစ်များဖွံ့ ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံသို့ မြန်မာနိုင်ငံမှပညာတော်သင်များစေလွှတ်လျက်ရှိမှု၊”မိုခါ” မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ရုရှားနိုင်ငံမှ ကူညီထောက်ပံ့မှုများပေးအပ်သွားမည်တို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့မှု၊မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်တွင် လွှတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရန် ရုရှားနိုင်ငံမှကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများကိုလည်း ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ ကဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ဒု-ဝန်ကြီးချုပ်နှင့်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေး နှင့်တာဝန်ရှိသူများ၊ရုရှားနိုင်ငံ၊ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့်ဒူးမားလွှတ်တော်မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here