လျှပ်စစ် EV ဆိုင်ကယ် အစီးရေ (၆၀၀) ကျော် ဒုတိယအသုတ်ထပ်မံရောက်ရှိ

0
284

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Kan Bo Motorcycle Industrial Co., Lt d. မှ တင်သွင်းလာသော လျှပ်စစ်ဆိုင်ကယ်များ ဒုတိယအသုတ် ထပ်မံရောက်ရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

Aung Kan Bo Motorcycle Industrial Co., Lt d. မှ တင်သွင်းလာသော Kanbo အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၆၄၀) စီး ဒုတိယ အသုတ်အဖြစ် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ ဒုတိယအသုတ်ဖြစ် ရောက်ရှိလာသည့် လျှပ်စစ် EV ဆိုင်ကယ်များကို မေလ (၃၀) ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပြီး အဆိုပါ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်းလည်း သိရသည်။

NCX Myanmar ကုမ္ပဏီက တင်သွင်းထားသည့် EV ဆိုင်ကယ် ၁၉၂ စီးသည် ပြီးခဲ့သည့် မေလ (၂၅) ရက်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here