အီလွန်မတ်စ်တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနသို့ သွားရောက်

0
237

ပေကျင်း၊မေ ၃၁

တက်စလာအမှုဆောင်အရာရှိချုပ် မစ္စတာအီလွန်မတ်စ်သည် ၎င်း၏တရုတ်နိုင်ငံခရီးစဉ်ဒုတိယမြောက်နေ့၌ တရုတ်နိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာနသို့သွားရောက်ခဲ့ကြောင်းသိရသည်။

၎င်းသည် ယမန်နေ့ကမူ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်နှင့်တွေ့ဆုံခဲ့ကာ အင်္ဂါနေ့ညနေပိုင်းတွင် တရုတ်ဘက်ထရီကုမ္ပဏီကြီးဖြစ်သကဲ့သို့ တက်စလာသို့အဓိကရောင်းချသည့်ကုမ္မဏီလည်းဖြစ်သည့် CATL ဥက္ကဌဇန်ရာကန်နှင့်လည်းညစာအတူစားခဲ့ကြောင်းသိရသည်။

တက်စလာနှင့် CATL တို့သည် ၎င်းတို့၏အစည်းအဝေးနှင့် တရုတ်နိုင်ငံရှိ မစ္စတာမတ်စ်၏အစီအစဉ်များနှင့်ပတ်သက်၍ မှတ်ချက်ပေးရန်တောင်းဆိုမှုများကိုမူ တုံ့ပြန်ခြင်းမရှိခဲ့ပေ။

၎င်း၏ခရီးစဉ်ရည်ရွယ်ချက်၊တရုတ်နိုင်ငံ၌ တက်စလာ၏အလားအလာနှင့် ရှန်ဟိုင်းရှိတက်စလာစက်ရုံအတွက် အစီအစဥ်များနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းသောအခါတွင်လည်းမှတ်ချက်ပေးရန်ငြင်းဆိုခဲ့သည်။

၎င်း၏ခရီးစဉ်အတွင်း မည်သူတွေနှင့်တွေ့ဆုံကာ မည်သို့သောကိစ္စရပ်များကို ဆွေးနွေးကြမည်ကိုမသိရ‌သော်လည်း အခြားတရုတ်အကြီးတန်းအရာရှိများနှင့်လည်းတွေ့ဆုံကာ သီတင်းပတ်နှောင်းပိုင်း၌ အမေရိကန်လျှပ်စစ်ကားထုတ်လုပ်သည့် ရှန်ဟိုင်းစက်ရုံသို့ သွားရောက်လည်ပတ်ရန်လည်းမျှော်လင့်ထားကြောင်း သတင်းရင်းမြစ်များကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here