အခြေခံကျောင်းများ မနက်ဖြန် ဇွန်လ(၁) ရက်တွင် ဖွင့်မည်

0
220

မနက်ဖြန် ဇွန်လ (၁) ရက်တွင် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံကျောင်းများကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်းမှ အခြေခံပညာစာသင်ကျောင်းများကိုပါ တစ်ပါတည်း ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေလ (၂၃) ရက်မှ (၃၁) ရက်အထိ သတ်မှတ်ထားရာ မေလ (၃၀) ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းအပ်နှံသူ (၆) သန်းကျော်အထိရှိကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

ဇွန်လ (၁) ရက်တွင် အခြေပညာကျောင်းများ စတင်ဖွင့်လှစ်သည့်အချိန်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းများကိုလည်း တစ်ပါတည်း ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံ ပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများ၌ မေလ (၃၀) ရက်အထိ စုစုပေါင်း ၃၂၉၁၂၉ ဦး ကျောင်းအပ်နှံထားပြီးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ (၁၄) ရက်တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် စာသင်ကျောင်းများပါ ပျက်ဆီးမှုရှိခဲ့သည့်အတွက် ပြန်လည်ပြုပြင်လျက်ရှိရာ ၉၉ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်းလည်း သိရသည်။

မေလ (၂၃) ရက်မှ စတင်ကာ ကျောင်းအပ်နှံခြင်း ဆောင်ရွက်ခဲ့သည့် ကျောင်းသား/ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း အခြေခံပညာဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here