မြန်မာကုမ္ပဏီ (၅) ခု လာရောက်ပြသသည့် Seoul Food 2023 နှင့် ASEAN Trade Fair 2023 တို့အား မြန်မာသံအ မတ် တက်ရောက်ဖွင့်လှစ်

0
157

ကိုရီးယားနိုင်ငံ၊ အီလ်ဆန်မြို့၊ Korea International Exh ibition Center(KINTEX)တွင် မေ (၃၀) ရက်ကစတင်ကျ င်းပနေသည့် Seoul Food 2023 နှင့် ASEAN Trade Fair 2023 တို့အား ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။

Seoul Food 2023 အား KOTRA မှကြီးမှူးကျင်းပခြင်းဖြ စ်ကာ ASEAN Trade Fair 2023 အား ASEAN-KOREA Centre မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မေ (၃၀) ရက်မှ ဇွန် (၂) ရက်အထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ ပြပွဲတွင်လာရောက်ပြ သသည့် မြန်မာနိုင်ငံမှ ကုမ္ပဏီ(၅)ခုဖြစ်သည့် Cho Cho Industry Limited ၊ Mega Marine Frozen Seafood Company Limited ၊ Golden Triangle Macadamia Company Limited ၊ LlUVIA Limited နှင့် Myanmar Golden Produce Company Limited တို့၏ ခင်းကျင်းပြသထားမှုများကိုလည်း ကြည့်ရှုအားပေးခဲ့သည်။

Seoul Food 2023 သည် အာရှတွင် စတုတ္ထမြောက်အ ကြီးဆုံးကုန်စည်ပြပွဲဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ စား သောက်ကုန်နှင့် နည်းပညာကဏ္ဍမှ လက်လီ၊ လက်ကားလုပ်ငန်းများ၊ စားသောက်ကုန် ဝန်ဆောင်မှုလုပ်ငန်းများ၊စားသောက်ကုန် ဖြန့်ချီရေးလုပ်ငန်းများနှင့် စားသောက် ကုန်ထုတ်လုပ်သည့် လုပ်ငန်းများက ပြခန်းများဖွင့်လှစ်ပြသလျက်ရှိသည်။

အဆိုပါ ပြပွဲ၏ ဖွင့်ပွဲအခမ်းအနားများသို့ ဆိုးလ်မြို့ရှိ အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးနှင့် အခြားပြည်ပနိုင်ငံများမှ သံ အမတ်ကြီးများ၊ သံတမန်များနှင့်စီးပွား ရေးသံမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here