လားရှိုးမြို့ရှောင်လမ်းတွင် ဘောက်ဆာကားနှင့် Hijet ကားတိုက်မိကာ အမျိုးသား (၄) ဦးဒဏ်ရာရ

0
203

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ရှောင်လမ်းတွင် ဘောက်ဆာကားနှင့် Hijet ကားတို့ ယနေ့ ဇွန် (၁) ရက် နံနက်ပိုင်းက တိုက်မိခဲ့ပြီး အမျိုးသား(၄) ဦးထိခိုက်ဒဏ်ရာရှိမှုဖြစ်ပွားကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့ နံနက် (၁၀) နာရီခွဲကျော်ခန့်က လားရှိုးမြို့ရှောင်လမ်း မိုင်တိုင်အမှတ် ၁၁/၁ တွင် ဘောက်ဆာကားနှင့် Hijet ကားတို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ရကြောင်း သိရသည်။

“ဖုန်းသတင်းရလို့ အခင်းဖြစ်တဲ့ နေရာကို ရောက်ပြီးကူညီပေးခဲ့ပါတယ်။ ကား (၂) စီးလုံးက တိုက်မိပြီး လမ်းဘေးအထိရောက်သွားတယ်။ Hijet ကားခေါင်းပိုင်းက အတော်ပျက်စီးသွားတယ်”ဟု လူမှုကူညီရေး အသင်းဝင်တစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဥ်ကြောင့် အမျိုးသား (၄) ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းနှင့်ကမ်းလင့်လက်ပရဟိတအသင်းတို့မှ လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

Photo-လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here