ယူကရိန်း ၏ နောက်ဆုံးလက်ကျန် စစ်သင်္ဘောကို ဖျက်ဆီးလိုက်ပြီဟုရုရှားပြော

0
158

မော်စကို၊ မေ ၃၁

ရုရှားတပ်ဖွဲ့များသည် လွန်ခဲ့သော နှစ်ရက်က အိုဒက်ဆာ ဆိပ်ကမ်းကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်စဉ် ယူကရိန်း၏ နောက်ဆုံးလက်ကျန် စစ်သင်္ဘောကို ဖျက်ဆီးလိုက်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက မေလ ၃၁ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ သင်္ဘောသည် ယူကရိန်းရှိ အကြီးဆုံး ဆိပ်ကမ်းဖြစ်သည့် အိုဒက်ဆာတွင် ဆိုက်ကပ်ထားသော ယူကရိန်းရေတပ်၏ နောက်ဆုံး စစ်သင်္ဘောဖြစ်သည်။

“မေလ ၂၉ ရက်နေ့က အိုဒက်ဆာ ဆိပ်ကမ်းက သင်္ဘောကျောက်ချ ရပ်နားစခန်းကို ရုရှားလေတပ်ရဲ့ အင်မတန် တိကျသေချာတဲ့ ပစ်ချက်ကြောင့် ယူကရိန်းရေတပ်ရဲ့ နောက်ဆုံးလက်ကျန် စစ်သင်္ဘောကြီး ယူရီ အိုလဲ့ဖဲရန်ကို ဟာ ပျက်စီးသွားခဲ့ပါပြီ” ဟု ရုရှားစစ်တပ်က နေ့စဉ်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုအပတ် တနင်္လာနေ့ နံနက်ပိုင်းတွင် ယူကရိန်းစစ်တပ်သည် ရုရှား၏ ပြင်းထန်သော လေကြောင်း တိုက်ခိုက်မှုများကြောင့် အိုဒက်ဆာ ဆိပ်ကမ်း၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အခြေခံအဆောက်အဦများ ပျက်စီးခဲ့ရကြောင်း ပြောထားသည်။ သို့ရာတွင် ယူရီ အိုလဲ့ဖဲရန်ကို ဖျက်ဆီးခံရသည့် ရုရှား၏ ပြောဆိုချက်များအပေါ် အတည်ပြုထားခြင်းမရှိသကဲ့သို့ မှတ်ချက်ပေးထားခြင်းလည်း မရှိသေးပေ။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here