အင်းစိန်ဂုံးတံတားပေါ်တွင် Food Panda Rider တစ်‌ဦး လုယက်ခံရ

0
260

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်ဂုံးတံတားပေါ်တွင် Food Panda Rider ၀န်ထမ်းတစ်‌ဦး လုယက်ခံရမှု ယမန်နေ့ မေလ (၃၁) ရက် ညနေပိုင်းက ဖြ စ်ပွားခဲ့ကြောင်း သိရသည်။

အင်းစိန်ပန်းခြံအနီးရှိ တံတားပေါ်တွင် ယမန်နေ့ညနေ (၃) နာရီအချိန်ခန့်က လုယက်ခံခဲ့ရခြင်းဖြစ်ပြီး Food Panda ၀န်ထမ်းတွင် ထိခိုက်ဒဏ်ရာများရရှိသွားခဲ့ကြောင်း သိရသည်။

” အင်းစိန်ဂုံးတံတားပေါ်မှာပဲ သူက အလုခံရတာ။ ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး လဲနေ‌တာ၊ လုယက်သူတွေ ပုံစံ မသိလိုက်ရဘူး” ဟု အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာ၀န်ရှိသူ တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါ လုယက်မှုဖြစ်စဉ်ကြောင့် Food Panda မှ ၀န်ထမ်းသည် ဖုန်းနှင့် ပိုက်ဆံအိတ်ပါသွားခဲ့ပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် မြေပြင်တွင်ရှေးဦးပြုစုပေး၍ အင်းစိန်ဆေးရုံသို့ အချိန်မှီပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here