(၁၀) တန်းအောင်စာရင်း ကြိုသိရမည်ဟုဆိုကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနအသိပေး

0
241

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ကြိုသိရမည်ဟုဆိုကာ ငွေကြေးလိမ်လည်‌ တောင်းခံမှုများရှိနေကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်ဟောင်း) အောင်စာရင်းနှင့် ပတ်သက်၍ Account များ၊ ဖုန်းနံပါတ်များဖြင့် လိမ်လည်မှုများရှိနေကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဇွန်လ (၁) ရက်နေ့က အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါ ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်နေသည့် မသမာသူများ အသုံးပြုနေသော အကောင့်များနှင့်ဖုန်းနံပါတ်များကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း ယခုလအတွင်း ထုတ်ပြန်သွားမည်ဖြစ်ပြီး ထုတ်ပြန်ရာတွင် အောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာန၊ ကျောင်းများတွင် ကပ်ထားကြေညာခြင်းအပြင် ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website တွင်လည်း တစ်နိုင်ငံလုံးအောင်စာရင်းများကို ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေးလံသော ဒေသများနှင့် အင်တာနက် ကောင်းမွန်စွာမရရှိသည့်ဒေသများအတွက် မြန်မာ့အသံ ရေဒီယိုမှတဆင့် ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here