ရော်နယ်ဒို စင်္ကာပူသို့လာရောက်လည်ပတ်၊ ရုက္ခဗေဒ ဥယျာဉ်၌ ပရိသတ်များနှင့်တွေ့ဆုံ

0
278

စင်္ကာပူ၊ဇွန် ၂

ဘောလုံးအကျော်အမော် ခရစ်စတီရာနိုရော်နယ်ဒိုသည် စင်္ကာပူသို့လာရောက်ခဲ့ပြီး ရုက္ခဗေဒ ဥယျာဉ်၌ ပရိသတ်များနှင့်‌တွေ့ဆုံခဲ့ကြောင်းသိရသည်။

၎င်းရုက္ခဥယျာဉ်အတွင်း ဝင်ကတည်းက ပရိသတ်များဘေး၌ စုရုံးရောက်ရှိလာပြီး ပရိသတ်အချို့သာ ဂျာစီအင်္ကျီ‌ပေါ်၌လက်မှတ်ရရှိခဲ့သည်။

ရော်နယ်ဒိုသည် ၎င်း၏သူငယ်ချင်းနှင့် ပရဟိတသမား ပီတာလင်းတို့တည်ထောင်ထားသော လူငယ်ပညာသင်ဆုများကို ထောက်ပံ့ပေးရန် စင်္ကာပူ၌ရှိနေခြင်းဖြစ်သည်။

ပီတာလင်းပညာသင်ဆုသည် အခွင့်အရေးနိမ့်ကျသူလူငယ်များအတွက် ၎င်းတို့၏စိတ်ဝင်စားမှုကိုဆက်လက်အကောင်အထည်ဖော်ရန် ပံ့ပိုးပေးသောပညာသင်ဆုဖြစ်ပြီး ပန်းမာန်စိုက်ခင်း၊ဂေဟဗေဒ၊ တိရစ္ဆာန်ဆေးပညာနှင့် တိရစ္ဆာန်သိပ္ပံကဏ္ဍများအတွက်ပေးအပ်သောဆုဖြစ်သည်။

ယခုခရီးစဉ်သည် ရော်နယ်ဒို၏ လေးကြိမ်မြောက်စင်္ကာပူခရီးစဉ်ဖြစ်ပြီး ကိုဗစ်အပြီးပထမဆုံးအကြိမ်ခရီးစဉ်လည်းဖြစ်သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here