မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် ရေအရင်းအမြစ် (၄၀၀) ကျော် ညစ်ညမ်းပျက်စီးခဲ့ရဟု UNDP ထုတ်ပြန်

0
199

မေလ (၁၄) ရက်က တိုက်ခတ်ခဲ့သည့် အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ရေအရင်းအမြစ် (၄၀၀) ကျော် ညစ်ညမ်းပျက်စီးခဲ့ရပြီး အဆိုပါ ညစ်ညမ်းသော ရေများကို သောက်သုံးနေရကြောင်း UNDP က ထုတ်ပြန်ထားသည်။

ဆိုင်ကလုန်း မိုခါတိုက်ခတ်မှုကြောင့် စစ်တွေမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးနီးပါးတွင် ထိခိုက်ပျက်စီးမှုအများအပြားဖြစ်ပေါ်ခဲ့ရပြီး ရေအရင်းအမြစ် (၄၀၀) ထက်မနည်း ပင်လယ်ရေနှင့်ရွှံများဝင်ရောက်မှုကြောင့် ညစ်ညမ်းပျက်စီးခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဒေသများအတွင်းမှ ပြည်သူများအ‌နေဖြင့် အသက်ရှင်ရပ်တည်ရန်အတွက် အခြားရွေးချယ်စရာမရှိသောကြောင့် သန့်ရှင်းမှုမရှိသည့် ညစ်ညမ်းသောရေများကို သောက်သုံးနေကြရကြောင်း UNDP က၎င်း၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

UNDP သည် လူပေါင်း ၂,၅၀၀ နီးပါးကို သန့်ရှင်းသောသောက်သုံးရေများ ပံ့ပိုးကူညီရန်အတွက် ရေတွင်းအသစ်များတူးဖော်ခြင်းနှင့် သောက်ရေကန်များ ဆယ်ယူသန့်ရှင်းပေးခြင်းများအား လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ဆောင်မှုများသည် လူများအားသန့်ရှင်းသောရေကို စဉ်ဆက်မပြတ်ရရှိစေရန်အတွက် ရေရှည်ဆောင်ရွက်သွားရမည့် အရာများဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here