“မိုခါ”မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက် ထိုင်းနိုင်ငံမှပေးပို့လှူဒါန်းသည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအား ဇွန် ၃ ရက်မွန်းလွဲပိုင်းက ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ဆိပ်ကမ်းတွင် လွှဲပြောင်းလက်ခံခဲ့သည်။
ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအား ထိုင်းဘုရင်နှင့်မိဖုရား၊ထိုင်းနိုင်ငံအစိုးရ၊ထိုင်းနိုင်ငံကြက်ခြေနီအသင်း၊ထိုင်း-မြန်မာချစ်ကြည်ရေးအသင်း၊ထိုင်းပုဂ္ဂလိကကဏ္ဍနှင့်ထိုင်းပြည်သူများက ပေးပို့လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump ကကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများလှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားပြီးနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ထိုင်းနိုင်ငံသံအမတ်ကြီးက ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများဖြစ်သည့် ငါးကြော် ၄၈ ဖာ၊ကြက်ဥပြုတ် ၁၆ ဖာ၊တူနာငါးသေတ္တာဗူး ၃၄ ဖာ၊ မုန်ညင်းချဉ်စည်သွတ်ဖာ ၁၀၀၊ ဖယောင်း တိုင် ၄ ဖာ၊ ဓာတ်မီး ၂ ဖာ၊ ဆန် ၁၆၇ ဖာ၊ ကြက်ကြော် ၃၈၄ ဖာ၊ ငါးသေတ္တာဗူး ၁၈၆၃ ဖာ၊ ခေါက်ဆွဲခြောက်ဖာ ၁၅၃၀၊ MILLET SNACK ဖာ ၂၀၊ ဂျယ်လီဖာ ၅၀၊ PUFFED RICE STICK ၆ ဖာ၊ ရေသန့် ၁၅ ဖာ၊ TEA BAG ၁၀ ဖာ၊ ငါးသေတ္တာဗူး ၁၀၀၀၀ ဗူးတို့အား ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ လွှဲပြောင်းအပ်နှံခဲ့သည်။
ထိုင်းနိုင်ငံမှပေးပို့လှူဒါန်းသည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများအား မြဝတီမြို့မှတစ်ဆင့်ကားများဖြင့် ဗိုလ်အောင်ကျော်ဆိပ် ကမ်းသို့ သယ်ဆောင်လာခြင်းဖြစ်ပြီး “မိုခါ”မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။