တရုတ်က စစ်ရေးအရ ဆွေးနွေးမှုနည်းပါးခြင်းအပေါ် အမေရိကန်ကာကွယ်ရေးဝန်ကြီးဝေဖန်ပြောဆို

0
220

တရုတ်နိုင်ငံအနေဖြင့် စစ်ရေးဆိုင်ရာ ဆွေးနွေးမှုများနည်းပါးသည့်အပြင် မိမိတို့နှင့်လည်း ဆက်ဆံလိုစိတ်ကင်းမဲ့ခြင်းများအပေါ် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဝေဖန်ပြောဆိုလိုက်သည်။

လွိုက်အော်စတင်က တရုတ်နှင့် ဆွေးနွေးရန်ကမ်းလှမ်းခဲ့ခြင်းအား တရုတ်ကာကွယ်ရေးဝန်ကြီးက ပယ်ချလိုက်ပြီးနောက်တွင် သူကထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးခြင်းများသည် ဖြစ်ပေါ်လာမည့် အကျပ်အတည်းများ ပဋိပက္ခများကိုရှောင်ရှားရန်အတွက် အဓိကအချက်ဖြစ်ကြောင်းနှင့် ယင်းကို တရုတ်တို့ဖက်က ငြင်းဆန်လိုက်ကြောင်းကိုလည်း လွိုက်အော်စတင်ကပြောသည်။ တရုတ်နိုင်ငံ စစ်ရေးတာဝန်ရှိသူများအနေဖြင့်လည်း အမေရိကန်နှင့် ရင်းနှီးသောဆက်ဆံရေးထူထောင်ရန်ကိုပါ သူကထည့်သွင်းပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ရှန်ဂရီလာ အာရှနိုင်ငံများထိပ်တန်းလုံခြုံရေးညီလာခံတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here