နှစ် ၅၀ ပြည့်လာသည့်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး

0
235

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (ဇွန် ၅)ကိုနှစ်စဥ်ဆင်နွဲလာသည်မှာယခုနှစ်သည် နှစ် ၅၀ ပြည့် ဖြစ်သောကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော ကမ္ဘာမြေကြီး ဖြစ်စေရန် အသိပညာပေးခြင်း နှင့် လှုပ်ရှားမှုများ ပြုလုပ်ရန် နှိုးဆော်အပ်ပါသည်။

ကျွန်ုပ်တို့၏ ကမ္ဘာသည် ပလတ်စတစ်သုံးစွဲမူနှင့်စွန့်ပစ်မူကြားမြေစာပင် ဖြစ်လာနေသည်။

မနက်သုံးသည့် ခေါင်းလျှော်ရည်ဗူးကနေ ညစာ ထုပ်ပိုးတဲ့အချိန်အထိအားလုံး ပလပ်စတစ်နဲ့ မကင်းကြ​ပေ။ထိုအဆင်ပြေမှုသည် သဘာဝပတ်ဝန်းကျင် အတွက်ကုန်ကျစရိတ်ဖြစ်လာသည်။

၂၀၁၉ ခုနှစ်တွင် ပလပ်စတစ်ထုတ်လုပ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၁၈၉ ရုံမှထွက်သည့်ဖန်လုံအိမ်ဓါတ်​ငွေ့ပမာဏ နှင့် ညီမျှသည်။ ၎င်းသည် ပိုမိုဆိုးရွားလာဖို့သာရှိသည်။

ပလတ်စတစ်ကင်းစင်သော ကမ္ဘာကြီးသည် စိတ်ကူးကြည့်ရန် မဖြစ်နိုင်သလို ပလပ်စတစ်စွန့်ပစ်မူကိုန​မော်နမဲ့ထားလိုက်လျှင် လူ့​ဘောင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို နှောင့်နှေးသွား​စေလိမ့်မည်။

ကျွန်ုပ်တို့၏ကမ္ဘာမြေကို ကာကွယ်ရန် စဥ်းစားလုပ်​ဆောင်ကြဖို့လိုပါသည်။ကိုယ့်ကိုပြန်လည်ထိခိုက်မူမရှိနိုင်သည့်ပလပ်စတစ်ဖြင့်​နေထိုင်နည်း​ကောင်းများကို မျှ​ဝေကြပါစို့။

Ref: chinadaily


LEAVE A REPLY

Please enter your comment!
Please enter your name here