ကမ္ဘောဒီးယားတွင်ယခုနှစ် ငါးလအတွင်း ရင်းနှီးမြှုပ်နှံမူ ​ဒေါ်လာသန်း ၅၄၀ ကျော်ဖြင့်ပရောဂျက်ပေါင်း ၆၄ခု ရရှိထား

0
360

က​မ္ဘောဒီးယား၌ ၂၀၂၃ ခုနှစ် ပထမငါးလအတွင်းပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၄၀ ဒသမ ၇၄ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၆၄ ခုကို ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) မှ အတည်ပြုခဲ့ရာ အလုပ်အကိုင် ၇၈၂၉၂ ခု ဖန်တီးပေးနိုင်ခဲ့သည်။

ဤအရေအတွက်သည် ၂၀၂၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသာစွာ လျော့ကျသွားသည်ဟုပင်ဆိုသည်။

၂၀၂၂ ခုနှစ်က ပထမငါးလတွင် CDC မှ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၆၄၈ ဘီလီယံကျော်ဖြင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၇၂ ခုကို အတည်ပြုခဲ့ပြီး လူပေါင်း ၄၄၆၅၉ ဦးအား အလုပ်အကိုင် အခွင့်အလမ်းများ ပေးအပ်ခဲ့သည်။

CDC ၏ အစီရင်ခံစာအရ ဇန်နဝါရီလတွင်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၉၉ ဒသမ ၄ သန်းဖြင့်  လုပ်ငန်း ၁၀ ခုတွင် အလုပ်အကိုင် ၁၇,၁၂၉ ခု ၊ ဖေဖော်ဝါရီလတွင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၇ ခု ရှိကာအရင်းအနှီး ဒေါ်လာ ၉၈ ဒသမ ၈ သန်းဖြင့် အလုပ်အကိုင် အခွင့်အလမ်း ၂၂,၇၈၄ ခု၊
မတ်လတွင် မြှုပ်နှံမှုမတည်ငွေ ကန်ဒေါ်လာ ၃၃ ဒသမ ၇ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၇ ခုရှိခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၆၆၆၉ ခု၊ ဧပြီလတွင် ရင်းနှီး မြှုပ်နှံမှုမတည်ငွေ ကန်ဒေါ်လာ ၂၄၇ ဒသမ ၇ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၀ ရှိပြီး အလုပ်အကိုင် အခွင့်အလမ်း ၁၇၇၂၃ ခု၊မေလတွင် ရင်းနှီးမြှုပ်နှံမှုမတည်ငွေ ကန်ဒေါ်လာ ၆၀ ဒသမ ၁၄ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှု ပရောဂျက် ၁၀ ခုတွင် အလုပ်အကိုင် ၁၃၉၈၇ ခု ပံ့ပိုးပေးခဲ့သည်။

Kratie ပြည်နယ် Snuol ခရိုင်ရှိ ကျွဲနွားမွေးမြူရေးခြံကြီးအတွက်ရင်းနှီးမြှုပ်နှံမှုမတည်ငွေ ကန်ဒေါ်လာ ၇၃.၄ သန်းကျော်သုံးခဲ့ခြင်းသည် ဧပြီလတစ်လတည်းတွင် ဆောင်ရွက်ခဲ့သော ရင်းနှီးမြှုပ်နှံမှုများအနက် အကြီးဆုံးမြှုပ်နှံမူဖြစ်သည်။

Koh Tong နှင့် Koh Kong ခရိုင် Kirisakor ခရိုင်ရှိ အခြားသော ဆက်စပ်လုပ်ငန်းများကို ခရီးသွားလုပ်ငန်း မြှင့်တင်ရန် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၃၀ ရင်းနှီးမြုပ်နှံသွားမည်ဖြစ်သည်။

ကန်ဒရယ်ခရိုင်တွင် ဆိုလာပြားများ ထုတ်လုပ်တပ်ဆင်ရန် စက်ရုံတည်ဆောက်ရန် စီမံကိန်းအားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၅ ဒသမ ၆ သန်း၊ ကမ်ပူခရိုင်တွင် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂၆ သန်းခန့် ရှိကြောင်း သိရသည်။

Source: khmertimes
Kampuchea Thmey


LEAVE A REPLY

Please enter your comment!
Please enter your name here