ရပ်ထားသည့်တွဲကားကို ဆိုင်ကယ်ဝင်တိုက် ဆိုင်ကယ်မောင်းသူနှင့်လိုက်ပါလာသူ ၂ ဦးလုံးသေဆုံး

0
483

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်ရှိ ရန်ကုန်-ပြည်သွားကားလမ်းမကြီးပေါ်တွင် ဇွန် ၃ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်း (ကြို့ပင်ကောက်မြို့)မှ သိရသည်။

ယမန်နေ့ည ၁ နာရီခန့်က ကြို့ပင်ကောက်မြို့နယ်ရှိ ရန်ကုန်-ပြည်သွားကားလမ်းအတိုင်း အမျိုးသား ၂ ဦးစီးနင်းလိုက်ပါလာသောဆိုင်ကယ်သည် ကျွဲဘိကျေးရွာအနီးအရောက်ရပ်ထားသည့် တွဲကားအားဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်တိုက်မိခဲ့သဖြင့် ဆိုင်ကယ်မောင်းလာသူနှင့်လိုက်ပါလာသူတို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းများအား နာရေးကူညီမှုအသင်း(ကြို့ပင်ကောက်မြို့)မှ ကြို့ပင်ကောက်မြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here