မန္တလေးခရိုင်ရှိ သံဃာတော်(၉၄)ပါးမှ နဝမမြောက် ဗန်းမော်ဆရာတော်ကြီး၏ အန္တိမဈာပနပူဇာအဖြစ်အမျှအတမ်းပေးဝေ

0
212

နဝမမြောက် ဗန်းမော်ဆရာတော်ကြီး၏ အန္တိမဈာပနပူဇာအဖြစ်အမျှအတမ်းပေးဝေခြင်းအခမ်း အနားအား မန္တလေးခရိုင်အတွင်းရှိ သံဃာတော် (၉၄)ပါးတို့မှ ဇွန် ၄ ရက်နံနက်ပိုင်းက ဗန်းမော်ကျောင်းတိုက်ရှိ “အေးကမ္ဘာ”သာသနာ့ဗိမာန်တော်ကြီး၌ ဆင်ယင်ကျင်းပခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးနှင့်သံဃာတော်(၉၄)ပါးကြွရောက်ချီးမြှင့်ကာ အ လယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကို ကိုဦး၊မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးများနှင့်တာဝန်ရှိသူများတက်ရောက်ကြည်ညိုခဲ့ကြသည်။

မစိုးရိမ်တိုက်သစ်ဆရာတော်ထံမှ တိုင်းမှူးနှင့်ဧည့်ပရိသတ်များက ငါးပါးသီလခံယူပြီးနောက် ဆရာ တော်ကြီးများဦးဆောင်၍ အနိစ္စာဝတသင်္ခါရာစသော သံဝေဂ(၃)ဂါထာကို ရွတ်ဆိုပွားများပြီး တိုင်းမှူးနှင့်အလှူရှင်များက ဆရာတော်၊သံဃာ တော်များအား လှူဖွယ်ဝတ္တုပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံမှ သံဝေဂကထာတရားနာကြားကာ ရေစက်သွန်းချ အမျှပေးဝေပြီး ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာကြသူများက သဗ္ဗေသင်္ခါရာအနိစ္စာ(၃)ဂါထာကို ရွတ်ဆိုပွားများခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here