တောင်ဥက္ကလာပမြို့နယ်ရှိ 9 Plus KTV ဆိုင်တွင် မီးလောင်မှုဖြစ်ပွား

0
641

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ 9 Plus KTV ဆိုင်တွင် ယနေ့ ဇွန် (၅) ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် (၁၀) နာရီ (၄၀) မိနစ်ခန့်က တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၁ ရပ်ကွက်၊ သံသုမာလမ်းပေါ်ရှိ 9 Plus KTV ဆိုင်တွင် မီးလောင်မှုဖြစ်ပွား၍ တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်း ၊ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်း၊ ရန်ကင်းမြို့နယ်မီးသတ်စခန်း၊ အရှေ့ပိုင်းခရိုင်မီးသတ်ဦးစီးမှူးရုံးတို့မှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“မီးလောင်အားက ထိုက်သင့်သလောက်များတယ်။ ဘယ်လိုကြောင့်လောင်တယ်။ ဆုံးရှုံးမှုဘယ် လောက်ရှိတယ်ဆိုတာကို မီးသတ်ကစစ်ဆေးနေပါတယ်။ မီးသတ်ကားအင်အားများတာရယ်၊ မီးသတ်တပ်ဖွဲ့ရယ်၊ ကျွန်တေ့ာ်အသင်းနဲ့ တခြားအသင်းကလူတွေရယ် လူအများကြီးနဲ့ဝိုင်းငြှိမ်းခဲ့တဲ့အတွက် အချိန်မီမီးငြိမ်းသွားတာပါ မီးလောင်ချိန် မိနစ် ၄၀ လောက်ကြာတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် (၁၁) နာရီ (၁၄) မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၁၁) နာ ရီ (၁၈) မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ဓာတ်ပုံ – သုခကာရီလူမှုကယ်ဆယ်ရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here