ဘိလပ်မြေ အိတ်များတင်လာသည့် ကားချောက်ထဲထိုးကျတိမ်းမှောက်၍ ယာဉ်မောင်းသေဆုံး

0
139

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ တာချီလိတ် – မိုင်းဆက်သွားကားလမ်း၊ ရွှေတောင် – ရွှေလီအဆင်းတွင် ဇွန် (၄) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ ညနေ (၄) နာရီကျော်ခန့်က ဘိလပ်မြေအိတ်များတင်ဆောင်လာသည့် Faw ကားသည် တာချီလိတ် – မိုင်းဆက်သွား ကားလမ်းအတိုင်းမောင်းနှင်လာစဥ် ရွှေတောင် – ရွှေလီအဆင်းအရောက်တွင် ဘရိတ်ပေါက်ကာအရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖုန်းသတင်းရတဲ့ အချိန် ကူညီကယ်ဆယ်ရေးလုပ်ဖို့သွားခဲ့ပါတယ်။ အခင်းဖြစ်တဲ့ နေရာကို ရောက်တော့ ကားမောင်းတဲ့လူက ခေါင်းမှာ ထိခိုက်မိထားတဲ့ အရှိန်နဲ့ သေဆုံးနေပါပြီ။ အဆင်းမှာ ဘရိတ်ပေါက်သွားတဲ့အတွက် ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ ချောက်ထဲထိုးကျသွားတာပါ” လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်မှ ကားမောင်းသူ၏ ရုပ်အလောင်းအား ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့်တာချီလိတ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here