မြင်းခြံမြို့တွင် လူငယ်အမျိုးသား (၂) ဦး ရေတွင်းအတွင်း ပြုတ်ကျသေဆုံး

0
177

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် လူငယ်အမျိုးသား (၂) ဦး ရေတွင်းအတွင်း ပြုတ်ကျသေဆုံးမှု ဇွန်လ (၅) ရက်နံနက်ပိုင်းက ပြုတ်ကျသေဆုံးသွားကြောင်း သိရသည်။

မြင်းခြံမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ နယ်မြေ(၁၁)ရှိ ရေတွင်းအတွင်းသို့ ယနေ့ နံနက် (၉) နာရီ (၄၅) မိနစ်အချိန်ခန့်က လူငယ်ကျား (၂)ဦး ပြုတ်ကျခဲ့သည့်အတွက် မြင်းခြံခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီး (၁၀) နာရီ (၁၅) အချိန်ခန့်တွင် ကျား(၂) ဦး (သေဆုံး)အား ဆယ်ယူနိုင်ခဲ့သည်။

ထို့နောက် အဖြူရောင်လက်များပရဟိတ လူမှုကူညီရေးအသင်းယာဉ်ဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် အောက်ဆီဂျင်ပြတ်လပ်နိုင်သည့် နေရာများဖြစ်သော ရေဆိုးကျင်းများ၊ မိလ္လာကျင်းများ၊ ရေတွင်းဟောင်း/ရေတွင်းပျက်များ အတွင်းသို့ အရဲစွန့်၍ ဆင်းခြင်း၊ ဆယ်ယူခြင်း၊ ဝင်ရောက်ခြင်းများ မပြုကြရန် မြင်းခြံမြို့နယ်မီးသတ်စခန်းမှသတိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ – မြင်းခြံမြို့နယ်မီးသတ်စခန်း


LEAVE A REPLY

Please enter your comment!
Please enter your name here