စစ်ပွဲကြောင့်သေဆုံးသည့်ကလေးအရေအတွက် အနည်းဆုံး ၅၀၀ ခန့်ရှိဟုဇလန်းစကီးဆို

0
149

ကိဗ်၊ဇွန် ၄

တစ်ဆယ့်ခြောက်လတာကာလသို့ ရောက်ရှိနေပြီဖြစ်သည့် ရုရှား – ယူကရိန်းစစ်ကြောင့် ယူကရိန်းကလေးငယ်အနည်းဆုံးအယောက် ၅၀၀ ခန့် သေဆုံးမှုရှိခဲ့ပြီဖြစ်သည်ဟု သမ္မတဇလန်းစကီးကပြောကြားခဲ့သည်။

ရုရှားဘက်မှစတင်ဝင်ရောက်တိုက်ခိုက်ချိန်မှစ၍ နေ့စဉ်နှင့်အမျှ ယူကရိန်းကလေးငယ်များ၏ အသက်အိုးအိမ်စည်းစိမ်ထိခိုက်မှုများ ကြုံတွေ့နေရပြီး ယခုအချိန်တွင် ထိခိုက်သေဆုံးသူကလေးငယ်ရာကျော်လာပြီဖြစ်သည်ဟု ဇလန်းစကီး၏ထုတ်ပြန်ချက်၌ပါရှိသည်။

“အခုသေဆုံးသွားရတဲ့ကလေးတွေထဲမှာ နောင်တစ်ချိန်ယူကရိန်းနိုင်ငံကိုအကျိုးပြုမဲ့ ပညာရှင်တွေ၊နာမည်ကြီးအနုပညာရှင်တွေနဲ့ အားကစားသမားတွေဖြစ်လာနိုင်ပါတယ်” ဟုလည်း၎င်းကဆိုသည်။

တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး အချို့နေရာများသည် ရုရှားထိန်းချုပ်မှုအောက်ျရာက်နေသဖြင့်ထိခိုက်သေဆုံးသူကလေးငယ်အရေအတွက်အား စာရင်းအတိအကျကောက်ယူရန်ခက်ခဲ‌သည်ဟုလည်း ဇလန်းစကီးကပြောကြားခဲ့သည်။

“ကျွန်တော်တို့တောင့်ခံထားရပါမယ်၊အနိုင်ရတဲ့အထိဆက်တိုက်နေမှဖြစ်မှာပါ၊ယူကရိန်းနိုင်ငံနဲ့ပြည်သူအားလုံး၊ကလေးငယ်တွေအားလုံးပါ ရုရှားကိုကြောက်လန့်နေရတဲ့ဘဝကနေလွတ်မြောက်အောင် ကျွန်တော်တို့ဆက်လက်တိုက်ပွဲဝင်နေရပါမယ်” ဟုလည်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

Source :AP


LEAVE A REPLY

Please enter your comment!
Please enter your name here