၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများအား ဇွန် ၉ ရက်၌ထုတ်ပြန်မည်

0
336

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်စာရင်းများအား တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် ဇွန် ၉ ရက်နံနက် ၆ နာရီမှစတင်၍ တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ယင်းနေ့နံနက် ၄ နာရီတွင်လည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Websire စာမျက်နှာဖြစ်သည့် www.myanmarexam.org တွင်လည်း အောင် စာရင်းများအား ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ထို့အတူ ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့်အင်တာနက် အဆက်အသွယ်ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံရေဒီယိုအစီအစဉ်မှတဆင့် ယင်းနေ့၌ပင် ကြေညာပေးသွားမည်ဖြစ်သည်။

အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်း ၀၁ – ၆၅၃၅၀၉ နှင့် ၀၁-၆၅၃၄၆၇ တို့သို့ အောင်စာရင်းထုတ်ပြန်မည့်နေ့တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here