ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ် ၁ စင်းဖြင့် လှူဒါန်းထောက်ပံ့သည့်ပစ္စည်းများ ရန်ကုန်သို့ရောက်ရှိ

0
269

“မိုခါ”မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလှူဒါန်းသည့် ကူညီထောက်ပံ့ရေးပစ္စည်းများတင်လာသည့် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ် BNS SOMUDRA JOY(F-28)သည် ဇွန် ၅ ရက်မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း MITT တံတားသို့ရောက်ရှိလာခဲ့သည်။

ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ်အား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးယာယီတာဝန်ခံ Mr. ASM Sayem၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်စစ်သံမှူးနှင့်တာဝန် ရှိသူများ၊တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့်တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကောင်းမွန်မှုကို ယခုကဲ့သို့ လှူဒါန်းပါဝင်မှုများက မီးမောင်းထိုးပြလျှက်ရှိသည်။

အဆိုပါ စစ်ရေယာဉ်တွင် ဆန်၊ဆီ၊ဆား၊ပဲ၊သကြား၊ငရုတ်သီးမှုန့်၊နနွန်းမှုန့်၊ဟင်းခတ်အမွှေးအကြိုင်မှုန့်၊ရွက်ဖျင်တဲ၊ဆေးဝါးပစ္စည်းများနှင့် ရေသန့်ဆေးပြား(စုစုပေါင်းတန်ချိန် ၁၂၀ ခန့်)တင်ဆောင်လာကြောင်း သိရသည်။

ရောက်ရှိလာသည့် ကူညီထောက်ပံ့ရေးပစ္စည်းများအား ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ “မိုခါ”မုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဆုံးပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here