အာရှ-ပစိဖိတ်ဒေသအတွင်း တင်းမာမှုများ မြင့်တက်နေချိန် နိုင်ငံစုံ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှား စတင်

0
172

ဂျာကာတာ၊ ဇွန် ၆

အင်ဒိုနီးရှားနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသ၌ တင်းမာမှုများ မြင့်တက်နေသော်လည်း ဇွန်လ ၅ ရက် တနင်္လာနေ့တွင် အမေရိက၊ ဗြိတိန်၊ တရုတ်၊ ဂျပန်၊ ရုရှားနှင့် တောင်ကိုရီးယား အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ရေတပ်များနှင့်အတူ ၎င်း၏ ရေပိုင်နက်အတွင်း နိုင်ငံစုံ ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုမိုဒို ဟုခေါ်သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် စစ်ပွဲအတွက် မဟုတ်ဘဲ နိုင်ငံ ၃၆ နိုင်ငံမှ ရေတပ်များအကြား ဆက်ဆံရေး ခိုင်မာလာစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှားရေတပ်က သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

ထိုစစ်ရေးလေ့ကျင့်မှုများသည် တရုတ်နှင့် အမေရိကတို့ အာရှ-ပစိဖိတ်ဒေသအတွင်း စစ်ဘက်ဆိုင်ရာ သံခင်းတမန်ခင်းများ အရှိန်မြှင့်တင်လာပြီး ထိုင်ဝမ်ကျွန်း တစ်ဝိုက်ရှိ မဟာမိတ်၊ မိတ်ဖက်များနှင့်အတူ စစ်ဗျူဟာ ကစားပွဲများ မကြာခဏ ပြုလုပ်လာချိန် ၌ ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်နှင့် ရုရှားနိုင်ငံမှ သင်္ဘောများအပါအဝင် သင်္ဘော ၁၅ စင်းသည် ကိုမိုဒို စစ်ရေးလေ့ကျင့်မှု စတင်သည့် တနင်္လာနေ့တွင် ဆူလာဝေစီကျွန်း၌ ကျောက်ချရပ်နားခဲ့သည်ဟု အင်ဒိုနီးရှားရေတပ်က ဆိုသည်။

အဆိုပါ ကိုမိုဒို စစ်ရေးလေ့ကျင့်မှုသည် အင်ဒိုနီးရှားအတွက် ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ် စတင်ကျင်းပခွင့် ရခဲ့ပြီးနောက် စတုတ္ထအကြိမ်မြောက် ကျင်းပလာခြင်းဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here