စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးဆက်တိုက်ကျဆင်းလာသော်လည်း ပြင်ပတွင် ဈေးမြင့်တက်နေဆဲဖြစ်

0
113

ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ (၃၇၈၀) သတ်မှတ်ထားပြီး ပြီးခဲ့သည့် တစ်ပါတ်ထက် ကျဆင်းလာသော် လည်း ပြင်ပဈေးကွက်တွင် ဈေးမြင့်တက်နေဆဲဖြစ် ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ဇွန်လ (၅) ရက်မှ (၁၁) ရက်အထိ ဈေးကွက်အတွင်း ရောင်းချရန် သတ်မှတ်ထားသည့် အခြေခံ ရည်ညွှန်းဈေးဖြစ်သ ည်။

ပြီးခဲ့သည့်တစ်ပါတ်က (၁) ပိဿာ (၃၉၆၀) ကျပ် သတ်မှ တ်ထားချိန်တွင် ပြင်ပဈေးကွက်တွင် (၇၀၀၀) ကျော်တွင်ရှိနေပြီး ယခုတွင် (၈၀၀၀) နီးပါးအထိ မြင့်တက်နေခြင်းဖြစ်သည်။

အသင်းမှ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးသည် ရန်ကုန် အထိုင်လက်ကား ဈေးဖြစ်ပြီး စားအုန်းဆီ ပြင်ပ ဈေးမှာ တစ်ပိဿာ (၇၀၀၀) ကျပ် မှ (၈၀၀၀) ကျပ်ဝန်း ကျင်တွင်ရှိနေကာ နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများလည်း ရှိနိုင်ကြောင်း သိရသည်။

ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီများကို မလေးရှားနို င်ငံမှ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းပြီး သက်ဆိုင်ရာမှ ဈေးနှုန်းသတ်မှတ်ထားသော်လည်း လက်တွေ့တွင် ကုန် သည်များ၊ ဆီအရောင်းအဝယ် လုပ်ကိုင်သူများ အနေဖြ င့် လိုက်နာရန် မလွယ်ကူကြောင်း ဆီကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် (၁၀) သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် (၆) သိန်းမှ (၇) သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထား တင်သွင်းနေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here