Air KBZ က ရန်ကုန် – လွိုင်ကော် – ရန်ကုန် တိုက်ရိုက်ခရီး စဉ်ကို စတင်တိုးချဲ့ပျံသန်း

0
166

Air KBZ လေကြောင်းလိုင်းက ရန်ကုန် – လွိုင်ကော် – ရန်ကုန် တိုက်ရိုက်ခရီးစဉ်ကို စတင်တိုးချဲ့ပျံသန်းနေပြီ ဖြစ် ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ သိရသည်။

ယင်းခရီးစဉ်ကို ဇွန်လ (၄) ရက်တွင် စတင်ပျံသန်းနေပြီဖြစ်ပြီး ရန်ကုန်မြို့မှ နံနက် (၇) နာရီ၊ (၃၀) မိနစ်တွင် စ တင်ထွက်ခွာကာ လွိုင်ကော်မြို့သို့ နံနက် (၈) နာရီ၊ (၃၅) မိနစ်တွင် ဆိုက်ရောက်ခဲ့ကြောင်းနှင့် လွိုင်ကော်မြို့မှ နံ နက် (၈) နာရီ (၅၅) မိနစ်တွင် ပြန်လည်ထွက်ခွာကာ ရန်ကုန်မြို့သို့ နံနက် (၁၀) နာရီတွင် ပြန်လည်ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းခရီးစဉ်အတွက် လေယာဉ်လက်မှတ်ခမှာ ငွေ ၁၇၆ ၀၀၀ ကျပ်ဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

Air KBZ လေကြောင်းလိုင်းသည် ခရီးသည်များအတွက် ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်၊ သံတွဲ၊ ကော့သောင်း၊ ညောင်ဦး၊ လားရှိုး၊ နေပြည်တော်၊ ခန္တီးနှင့် က လေးမြို့ အစရှိသည့် ခရီးစဉ် (၁၁) ခုကို ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here