မေလအတွင်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု (၁၆) မှုဖြစ်ပွားခဲ့

0
126

၂၀၂၃ ခုနှစ်၊မေလအတွင်း ရန်ကုန် – မန္တလေးအမြန်လမ်း မကြီးတွင် ယာဉ်မတော်တဆမှု (၁၆) မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲမှူးရုံးမှ သိရသည်။

ယင်းအမြန်လမ်းမကြီးတွင် ဇန်နဝါရီလက ယာဉ်မတော် တဆမှု(၁၃) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၁၄)ဦးနှင့် သေ ဆုံးသူ (၈) ဦးရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလက (၁၂) မှုဖြစ် ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅) ဦးနှင့် သေဆုံးသူ (၁၁) ဦး၊ မတ်လက (၁၅) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၆၀) ဦးနှင့် သေဆုံးသူ (၁၁) ဦး၊ ဧပြီလက (၁၈) မှုဖြစ်ပွားခဲ့ပြီး ဒဏ် ရာရရှိသူ (၃၅) ဦးနှင့် သေဆုံးသူ (၁၃) ဦးရှိခဲ့ကြောင်းနှင့် မေလက (၁၆) မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၂၉) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၇) ဦးရှိခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများအနက် သတ်မှတ်ထားသည့် အရှိန်နှုန်းထက် ပိုမိုမော င်းနှင်ခြင်း၊ယာဉ်ကြံ့ခိုင်မှု မရှိခြင်းနှင့် ယာဉ်မောင်းပေါ့ဆ မှုတို့ကြောင့် အများဆုံးဖြစ်ပြီး ယာဉ်မတော်တဆမှုများတွင် အိမ်စီးကားများ အများဆုံးပါဝင်နေကြောင်း သိရသည်။

ယင်းအပြင် ယာဉ်မတော်တဆ ဖြစ်ပွားမှုကို လျော့နည်းစေရန်အတွက် ယာဉ်မောင်းများ သတ်မှတ်ကီလိုထက် ကျော်လွန်မောင်းနှင်ခြင်းမရှိစေရန် အရှိန်နှုန်းတိုင်းတာသည့် စက်များကို အမြန်လမ်းရှိ တိုးဂိတ်များတွင် တပ်ဆင်ထားကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ မေလ လကုန်ပိုင်းအထိ အမြ န်လမ်းမကြီးပေါ်တွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမော င်းနှင်သည့် ယာဉ်အစီးရေ ၅၅၉၇ စီးကို အရေးယူဆောင် ရွက်ထားကြောင်း အမြန်လမ်း ရဲတပ်ဖွဲမှူးရုံးမှ သတင်းအ ချက်အလက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here