သရုပ်ဆောင်၊ အဆိုတော် ဒေါလီလီနိုင်ကျော်အား လုပ်ကြံခဲ့သည့် Special Task Force အဖွဲ့ဝင် (၂) ဦးအားဖမ်းဆီးရမိကြောင်း နစက ထုတ်ပြန်

0
231

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်နေ သရုပ်ဆောင်၊ အဆို တော် ဒေါ်လီလီနိုင်ကျော်အား မေ (၃၀) ရက်ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြသည့် Special Task Force – STF အဖွဲ့ဝင် (၂) ဦးအားဖမ်းဆီးရမိခဲ့ကြောင်း နစက ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ရန်ကင်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ရန်အောင်လမ်း၊တိုက်အမှတ်(က/၂၆၇)၊ တိုက်ခန်းအမှတ် (၇) ရှေ့တွင် သရုပ်ဆောင်၊ အဆိုတော် ဒေါ်လီလီနိုင်ကျော်အား ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သူများဖြစ်သည့် Special Task Force -STF အဖွဲ့ဝင်များဖြစ်သည့် ကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့်ကျော်သူရ (ခ)အီးတီတို့အား ကမာရွတ်မြို့နယ်ရှိ အမျိုးသားအဆောင် (၁) ခုမှ ဇွန် (၄) ရက်နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးချက်များအရ ၎င်းတို့ (၂) ဦးသည် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ STF တ ပ်စခန်းမှ ရန်ကုန်သို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ကာ ယခုလုပ်ကြံမှုအား ၂၀၀၇ ကျောင်းသားခေါင်းဆောင်ဟောင်း တရားခံပြေး ဒီငြိမ်းလင်းနှင့် ဟေဆယ်တို့မှ ခိုင်းစေခဲ့ခြင်းဖြစ်သည်ဟု စစ် ဆေးပေါ်ပေါက်ခဲ့ကြောင်း နစက က သတင်းထုတ်ပြန်ထားသည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်သူများဖြစ်သည့်  STF အဖွဲ့ဝင် ကောင်းဇာနည်ဟိန်း (ခ) လပြည့်နှင့်ကျော်သူရ(ခ)အီးတီတို့သည် သေဆုံးသူ အဆိုတော်
လီလီနိုင်ကျော်၏ နေအိမ်အနီးသို့ နေ့စဉ် သွားရောက်ကာအခြေအနေစောင့်ကြည့်ခဲ့ပြီး မေလ (၃၀) ရက်တွင် ကောင်းဇာနည်ဟိန်း (ခ) လပြည့်မှ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူ (၂) ဦးအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန်နှင့် ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထမ်မံဖမ်းဆီးရမိရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here