ပင်လယ်ရေကြောင်းပို့ဆောင်ရေး၊ကုန်သွယ်ရေးနှင့်ကုန်းတွင်းရေကြောင်းသွားလာရေး ၅နိုင်ငံဆွေးနွေးပွဲသို့ မြန်မာတက်ရောက်

0
273

ကော်လ်ကတ္တားဆိပ်ကမ်းမှကြီးမှူးကျင်းပသည့် အိန္ဒိယနိုင်ငံ ဆိပ်ကမ်း၊သင်္ဘောနှင့်ရေလမ်းဝန်ကြီးဌာန၊ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ကော်လ်ကတ္တားမြို့မှ ကောင်စစ်ဝန်ချုပ်ဦးတင်မိုးသည်တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲအား ဇွန် ၄ ရက်နံနက် ၁၁ နာရီ ၄၅ မိနစ်က   J. W. Marriott Hotel ၌ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် သက်ဆိုင်ရာနိုင်ငံများအလိုက် ဆိပ်ကမ်းအသုံးပြုမှု၊ပင်လယ်ရေကြောင်းပို့ဆောင်ရေး၊ကုန်သွယ်ရေးနှင့်ကုန်းတွင်းရေကြောင်းသွားလာရေးတို့တွင်ဖြစ်ပေါ်တိုးတက်မှုများ၊နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုများနှင့်ရှေ့ဆက်ဆောင်ရွက်မည့် အနာဂတ်စီမံကိန်းများ၊လက်ရှိကြုံတွေ့နေရသောအခက်အခဲနှင့်စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံ၊ ဆိပ်ကမ်း၊သင်္ဘောလုပ်ငန်းနှင့်ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Sarbananda Sonowal မှလည်း အိန္ဒိယနိုင်ငံ အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးကောင်းမွန်စေရန်၊နှစ်ဦးနှစ်ဖက်အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းစေရန် အစဉ်အမြဲဆောင်ရွက်လျက်ရှိကာ အခက်အခဲနှင့်စိန်ခေါ်မှုများကို အတူ တကွဖြေရှင်းနိုင်ရန်လုပ်ဆောင်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံ၊ ဆိပ်ကမ်း၊သင်္ဘောလုပ်ငန်းနှင့်ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Sarbananda Sonowal ၊ ပြည်နယ်ဝန်ကြီး Shantanu Thakur ၊ Syama Prasad Mookerjee Port, Kolkata မှ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့်တာဝန်ခံကိုယ်စားလှယ်များ၊ နီပေါကောင်စစ်ဝန်ချုပ်၊ဘူတန် ကောင်စစ်ဝန်ချုပ်၊ဘင်္ဂလားဒေ့ရှ် High Commissioner ရုံးမှကော်မရှင်နာနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here