တရုတ်တွင် နိုင်ငံတကာ ခြေစမ်းပွဲများ ကစားမည့် ပဏာမ မြန်မာ့လက်ရွေးစင် ကစားသမား (၃၃) ဦး စာရင်းထုတ်ပြန်

0
212

တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ စီစဉ်မှုအရ တရုတ်၊ မကာအိုလက်ရွေးစင်အသင်းများနှင့် ဖီဖာ နိုင်ငံတကာခြေစမ်းပွဲ ကစားမည့် ပဏာမ မြန်မာ့လက်ရွေးစင် ကစား သမား (၃၃)ဦးစာရင်းအား နည်းပြချုပ် Michael Feicht enbeiner က ယနေ့ ဇွန်လ (၆) ရက်တွင် ရွေးချယ်ထုတ်ပြန်ခဲ့သည်။

ရွေးချယ်ထားသည့် ပဏာမ ကစားသမား (၃၃)ဦးတွင် ထို င်းလိဂ်၊ မလေးရှားလိဂ်၊ အင်ဒိုနီးရှားလိဂ်နှင့် ပြည်တွင်းလိဂ်ပြိုင်ပွဲများမှ ကစားသမားများ ပါဝင်နေပြီး ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် တရုတ်လက်ရွေးစင်အ သင်း၊ မကာအို လက်ရွေးစင်အသင်းတိုနှင့် သုံးပွင့်ဆိုင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဇွန်လ (၁ ၆) ရက်တွင် တရုတ်လက်ရွေးစင်အသင်း၊ ဇွန်လ (၁၉) ရက်တွင် မကာအို လက်ရွေးစင်အသင်းတိုနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ အပြီးသတ် ကစားသမားစာရင်းအား ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ခါနီးတွင် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရွေးချယ်ထားသည့် ပဏာမ မြန်မာ့လက်ရွေးစင် ကစားသမား (၃၃)ဦးစာရင်းမှာ အောက်ပါအတိုင်းဖြစ်သ ည်။

ဂိုး- ပြည့်ဖြိုးအောင်-၁(ဟံသာဝတီ ယူနိုက်တက်)၊ ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန် ယူနိုက်တက်)၊ ပြည့်ဖြိုးသူ (ရတနာပုံ အက်ဖ်စီ)၊ ထွန်းနန္ဒဦး (မြဝတီ)

နောက်တန်း – ငြိမ်းချမ်း (ရနောင်း၊ ထိုင်း)၊ ဟိန်းဖြိုးဝင်း (ရက်ချာပူရီ၊ ထိုင်း)၊ စိုးမိုးကျော်၊ ရဲမင်းသူ (ရှမ်း ယူနိုက်တက်)၊ နန္ဒကျော် (ရှမ်းယူနိုက်တက်)၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ ဇွဲထက်မင်း (ရှမ်းယူနိုက်တက်)၊ မင်းကျော်ခန့် (ရန်ကုန်ယူနိုက်တက်)၊ ဇင်ကိုထက် (ရန်ကုန်ယူနိုက်တ က်)၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက်တက်)၊ သက်ဟိန်းစိုး (ရတနာပုံ အက်ဖ်စီ)၊ သီဟထက်အောင် (ရခိုင်ယူနိုက်တက်)

အလယ်တန်း – ဝေလင်းအောင် (ဒဂုံစတား)၊ ရန်နိုင်ဦး (ရ န်ကုန်ယူနိုက်တက်)၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ မြတ်ကောင်းခန့် (ရှမ်းယူနိုက်တက်)၊ လင်းထက်စိုး (ရှမ်းယူနိုက်တက်)၊ ထက်ဖြိုးဝေ (ရှမ်းယူနိုက်တက်)၊ ကျော်မင်းဦး (PDRM, မလေးရှား)၊ ဟိန်းထက်အောင် (Selang or,မလေးရှား)၊ လွင်မိုးအောင် (ရာရောင်း၊ ထိုင်း)၊ ငြိမ်းချ မ်းအောင် (မြောင်ထရန်၊ ထိုင်း)၊ မောင်မောင်လွင် (လန်ဖွန်ဝါရီယာ၊ ထိုင်း) နှင့်

ရှေ့တန်း – သန်းပိုင် (ကန်ချနာဘူရီ၊ ထိုင်း)၊ အောင်ကော င်းမာန် (ချောင်ဘူရီ၊ ထိုင်း)၊ အောင်သူ (လန်ဖွန်ဝါရီယာ၊ ထိုင်း)၊ ဝင်းနိုင်ထွန်း (ဘော်နီယို၊ အင်ဒိုနီးရှား)၊ စည်သူအောင် (အယုဒ္ဓယ၊ ထိုင်း) တို့ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here