ကျောက်မဲမြို့တွင် Crown ကားနှင့် Hijet ကား နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး လူ ၅ ဦးဒဏ်ရာရ

0
174

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇွန်လ ၆ ရက်(ယနေ့)နံနက်ပိုင်းက Crown ကားနှင့် Hijet ကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်ဟု ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၁၁ နာရီခွဲခန့်က ကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် Crown ကားနှင့် Hijet ကားတို့သည် ဇီးပင်စခန်းကျေးရွာနှင့် ကျောင်းကုန်းကျေးရွာအကြား အရောက်တွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ Hijet ကားမောင်းတဲ့လူက ကားခေါင်းခန်းမှာ ခြေထောက်ကညပ်နေတယ်။ ပါလာတဲ့ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အမြန်ဆွဲထုတ်ခဲ့ရတယ်။ ၁၀ မိနစ်လောက်ကြာတယ်။ ဘယ်ဘက်ပေါင်နဲ့ ညာဘက်ခြေသလုံးရိုးကျိုးသွားတယ် စိုးရိမ်စရာမရှိတော့ပါဘူး” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောကြားသည်။

ထို့ပြင် Hijet ကားခေါင်းခန်းတွင်လိုက်ပါလာသည့် သံဃာတော်တစ်ပါး၊ နောက်ခန်းတွင်လိုက်ပါလာသူ လေး ဦးအနက် သုံးဦး (ကားမောင်းသူ အပါအဝင် ငါးဦး) တို့တွင် ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရနှင့်မစိုးရိမ်ရ) များရရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူများအား လူမှုကူညီရေးအသင်းမှ အသင်းဝင်များက ကျောက်မဲပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြကြောင်း သိရသည်။


Photo-ကမ်းလင့်လက်များအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here