မွန်ပြည်နယ် ကျိုက်မရောကားလမ်းမကြီးတွင် ကားနှင့်ဆိုင်ကယ် တိုက်မိမှုကြောင့် တစ်ဦးသေ တစ်ဦးဒဏ်ရာရ

0
180

မွန်ပြည်နယ်၊ ကျိုက်မရောကားလမ်းမကြီးတွင် ကားနှင့်ဆိုင်ကယ် တိုက်မိမှုကြောင့် တစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရရှိမှု ယနေ့ ဇွန်လ ၆ ရက် နေ့လယ်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့၊ ကျိုက်မရောကားလမ်းမကြီး၊ မုရောင်းကျေးရွာထိပ်တွင် ယနေ့နေ့လယ် ၂ နာရီ ၁၀ မိနစ်အချိန်ခန့်က အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်မောင်းသူအမျိုးသမီးမှာ ကားနှင့် ညပ်ပြီးနေရာတွင်ပင် သေဆုံးသွားကာ ဆိုင်ကယ်‌နောက်တွင်ပါလာသည့်အမျိုးသမီးမှာ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

“ကျွန်တော်တို့ကို ဖုန်းဆက်သတင်းပေးလာလို့ သွားရောက် ကူညီတာ၊ ဖြစ်စဉ်ကိုတော့ အသေးစိပ်မသိရဘူး၊ ဆိုင်ကယ်နောက်မှာလိုက်စီးတဲ့အမျိုးသမီးကလည်း စကားမပြောတက်ရှာတော့ မသိရဘူး” ဟု ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုဘိုဘို၀င်းက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါယာဥ်တ်ိုက်မိမှုကြောင့် ကားမှာလည်း ရှေ့ခေါင်းပိုင်းပျက်စီးသွားပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့် ထိခိုက်ဒဏ်ရာရခဲ့သည့် အမျိုးသမီးအား မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here