၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲ ပွဲဦးထွက်တွင် မြန်မာယူ-၂၀ အမျိုးသမီးအသင်း ၅ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိ

0
177

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲ ပွဲဦးထွက်တွင် မြန်မာယူ-၂၀ အမျိုးသမီးအသင်း ၅ ဂိုး ဂိုးမရှိရလဒ်ဖြင့် ဂိုးပြတ်အနိုင်ရခဲ့ကြောင်း သိရသည်။

အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စု(ခ)ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယနေ့ ဇွန်လ ၆ ရက်စတင်ကျင်းပနေခြင်းဖြစ်သည်။

မြန်မာယူ-၂၀ အမျိုးသမီးအသင်းသည် ယနေ့ ဇွန်လ ၆ ရက်တွင် နီပေါအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာယှဉ်ပြိုင်ကစားခဲ့ရာ ၅ ဂိုး ဂိုးမရှိ ရလဒ်ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းအတွက်ဂိုးများကို ဇင်မိုးပြည့်နှင့်ယွန်း၀တီလှိုင်တို့က တစ်ဂိုးစီ ယဉ်လွန်းအိမ်က သုံးဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ဇွန်လ ၈ ရက်တွင် တရုတ်(တိုင်ပေ) အသင်း၊ ၁၀ ရက်တွင် တရုတ်အသင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here