ဇွန် ၂၀ ရက်မတိုင်မီ Mega Results ကောင်းမွန် သည့် ကျောက်တော်မြို့ရှိ ရပ်ကွက်များအား လျှပ်စစ်ဓာတ်အားပြန်ပေးမည်

0
159

“မိုခါ”မုန်တိုင်းဒဏ်ကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျောက်တော်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ၊ဓာတ်အားလိုင်းကြိုးများနှင့်ထရန်စဖော်မာများအား လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ ကျွမ်းကျင်ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားပြန်လည်ပို့လွှတ်ပေးနိုင်ရန် ပြန်လည်ပြင်ဆင်လျက်ရှိသည်။

ထိုသို့ ပြင်ဆင်ရာ၌ တစ်ရပ်ကွက်ချင်းစီအလိုက်ရှိ
ထရန်စဖော်မာများအား Mega Test စစ်ဆေးမှုပြီးစီးပြီးဖြစ်၍ Mega Results ကောင်းမွန်သည့် ကျောက်တော်မြို့ရှိ ရပ်ကွက်များအား ဇွန် ၂၀ ရက်မတိုင်မီ လျှပ်စစ်ဓာတ်အားပြန်ပေးမည်ဟု လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ကျောက်တော်မြို့)မှ အသိပေးခဲ့သည်။

ထို့ကြောင့် လျှပ်စစ်ဓာတ်အသုံးစွဲသူများအနေဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် အိမ်တွင်းသုံး လျှပ်စစ်အခြေအနေများ၊အိမ်တွင်း Wiring အနေ အထားများအား လျှပ်စစ်ကျွမ်းကျင် လုပ်သား/ဝန်ထမ်းများဖြင့် ကြိုတင်စစ်ဆေးထားကြရန် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ကျောက်တော်မြို့)က အသိပေးနှိုးဆော်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here