မြန်မာ့စိန်တစ်လုံးသရက် တန်ချိန် ၁၀၀ ခန့် စင်ကာပူနိုင်ငံသို့ ရောင်းချမည်

0
243

စင်ကာပူနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ မြန်မာ့စိန်တစ်လုံးသရက် တန်ချိန် (၁၀၀) ခန့် တင်ပို့ရောင်းချရန် ရည်မှန်းထားကြောင်း စားသုံးသူရေးရာဦးစီးဌာန (မန္တလေး) မှသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ သဇင်နွယ်သရက်ခြံထွက် သရက်သီးတွေအပြင် ဒေသထွက် စိန်တစ်လုံးသရက်သီးများကို စင်ကာပူဈေးကွက်သို့ ဇွန်လ ၄ ရက်မှစပြီး စတင် တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၅ ရက်အထိ သရက်သီး ၇-၈ တန် ဝင်ဆံ့သည့် ကွန်တိန်နာများနှင့် စိန်တစ်လုံးသရက် တန် ၄၀ ခန့်ကို ကွန်တိန်နာ ငါးစီးဖြင့် တင်ပို့ရောင်းချပြီး ဖြစ်ကြောင်းသိရသည်။

မြန်မာ့စိန်တစ်လုံးသရက်ကို ယခုနှစ် ဧပြီလမှ ဇွန်လလယ်အထိ တန် ၁၀၀ ခန့် တင်ပို့ရန် ရည်မှန်းထားကြောင်း စားသုံးသူရေးရာဦးစီးဌာန(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စင်ကာပူဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် သရက်စိုက်တောင်သူများထံမှ ၂၅၀ ဂရမ် – ၃၀၀ ဂရမ် အရွယ်အစားရှိသည့် စိန်တစ်လုံးသရက်သီး တစ်တန်ကို ကျပ်ငွေ ၁၂ သိန်းခွဲအထိ ပေးဝယ်ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here