VUC FC နှင့် MIU FC တို့ Grand Final ပွဲစဉ်ကို ထပ်မံယှဉ်ပြိုင်ကစားရမည်

0
186

MFF RHINO Futsal League 2022 ပြိုင်ပွဲ၏ Champion Play-Off Match နောက်ဆုံး အဆင့် ဒုတိယပွဲစဉ်တွင် VUC FC က MIU FC ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ပွဲစဉ်ပထမပိုင်းတွင် တစ်ဖက် တစ်ဂိုးစီဖြင့် သရေ ကျနေခဲ့ပြီး ပွဲအပြီးတွင်  VUC FC က  ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ထိုပွဲစဉ်တွင် VUC FC က အနိုင်ရရှိခဲ့သောကြောင့် ဇွန် ၉ ရက်တွင် Champion Play-Off Match နောက်ဆုံး အဆင့်၏ Grand Final ပွဲစဉ်ကို ထပ်မံယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ထိုပွဲစဉ်တွင် သာမန်ပွဲချိန်အတွင်း သရေကျခဲ့ပါက အချိန်ပို ဆက်လက်ကစားရမည် မဟုတ်ဘဲ ပင်နယ်တီ အဆုံးအဖြတ်ခံယူရမည်ဖြစ်ကာ အနိုင်ရရှိမည့် အသင်းသည် ချန်ပီယံ ဆုဖလားကို ရရှိမည် ဖြစ်သည်။

Champion Play-Off Match ၏ Grand Final ပွဲစဉ်ကို ကွင်းဝင်ကြေးကို ကျပ် ၂၀၀၀ သတ်မှတ်ထားပြီး MFF Futsal Facebook Page တွင် တိုက်ရိုက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here