ဆော်ဒီကလပ်ကိုပြောင်းရွေ့ပြီး စီရော်နယ်လ်ဒိုနဲ့ ပြိုင်ဘက်တွေဖြစ်လာတော့မယ့် ဘန်ဇီမား

0
207

ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်မှုးကြီး ဘန်ဇီမားကတော့ ဆော်ဒီကလပ် အယ်လ်တီဟတ်ကို တရားဝင် ပြောင်းရွှေ့သွားခဲ့ပါပြီ။

ဘန်ဇီမားပြောင်းရွေ့သွားတဲ့ အယ်လ်တီဟတ်အသင်းဟာ ဆော်ဒီလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်ပြီး (၃) နှစ် စာချုပ် ချုပ်ဆိုထားတယ်လို့ သိရပါတယ်။

“ ဆော်ဒီလိဂ်က ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်ပါ၊ ကစားသမားကောင်းများစွာလည်း ကစားနေပါတယ် ၊ရော်နယ်ဒိုလည်းရှိတယ် ဆော်ဒီအာရေဗျလိဂ်မှာ ဘောလုံးကစားဖို့ သူက လမ်းဖွင့်ပြသခဲ့တာာပါ၊ ကျတော် ဒီမှာ ဆုဖလားတွေ ဆွတ်ခူးနိုင်အောင် အစွမ်းကုန်ကြိုးစားသွားပါမယ် ဂိုးတွေအများကြီးသွင်းနိုင်အောင် ကျနော့်ရဲ့ ပါရမီတွေကို ပြသနိုင်အောင် ပရိသတ်တွေကို ဖျော်ဖြေနိုင်အောင် ကြိုးစားသွားပါမယ်” လို့ ဘန်ဇီမား က ပြောပါတယ်။

အယ်လ်တီဟတ်အသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းဖော်ဟောင်း ရော်နယ်ဒို ကစားနေတဲ့ အယ်လ်နာဆာအသင်းနဲ့ ပြိုင်ဘက်တွေဖြစ်တာကြောင့် ဘန်ဇီမားနဲ့ စီရော်နယ်လ်ဒိုတို့ဟာပြိုင်ဘက်တွေအဖြစ် ပြန်လည် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဘန်ဇီမားဟာ ရီးရဲလ်မက်ဒရစ်မှာ ၁၄နှစ်ကြာကစားခဲ့ပြီး ဆုဖလားပေါင်း ၂၄ လုံးအထိရရှိခဲ့တဲ့သူလည်း ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here