ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ကျန်းမာရေးအဆောက်အဦ (၄၉၈) လုံး ပျက်စီးခဲ့ပြီး (၄၀) ရာခိုင်နှုန်းခန့်သာ ပြန်လည်ပြင်ဆင်နိုင်သေး

0
211

ရခိုင်ပြည်နယ်အတွင်း မေလ လလယ်ပိုင်းက တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အဆောက်အဦ (၄၉၈) လုံး ပျက်စီးခဲ့ရာ တစ်လဝန်းကျင်ကြာသည့်အချိန်တွင် (၄၀) ရာခိုင်နှုန်းခန့်သာ ပြန်လည် ပြင်ဆင်၍ ပြီးစီးသေးကြောင်း သိရသည်။

ဇွန်လ (၆) ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားချက်များအရ သိရခြင်းဖြစ်သည်။

မုန်တိုင်းဒဏ်အပြင်းအထန်ခံခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၇) ခုနှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၄) မြို့နယ်ကို သဘာ၀ဘေး အန္တရာယ်ကျရောက်သော နယ်မြေများအဖြစ်သတ်မှတ်ကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင်လည်း ကျောင်းနှင့် ဆေးရုံကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများကို အမြန်ဆုံး ဦးစားပေး ပြန်လည်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုခ့မုန်တိုင်း ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်စဉ်က မုန်တိုင်းဗဟိုချက်အတွင်း ကျရောက်ခဲ့သည့်အတွက် အပျက်အစီးများခဲ့ရသည့် ရသေ့တောင်မြို့နယ်တွင်လည်း ပျက်စီးသွားသည့် ဆေးရုံအဆောက်အဦများ ပြန်လည်ပြင်ဆင်နိုင်ရေး ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here