မေလအတွင်း မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း ကိုဗစ်ကူးစက်ခံရသည့် လူနာအသစ် (၂) သန်းနီးပါးနှင့် သေဆုံးသူ (၁၂၀၀၀) ကျော်ရှိခဲ့

0
239

၂၀၂၃ ခုနှစ်၊ မေလ(၁) ရက်မှ (၃၁)ရက်အထိ တစ်လတာ အတွင်း မြန်မာအပါအဝင် တစ်ကမ္ဘာလုံးတွင် ကိုဗစ် ၁၉ လူနာအသစ် နှစ်သန်းနီးပါးနှင့် သေဆုံးသူ ၁၂၀၀၀ ကျော် ရှိခဲ့ကြောင်း ဇွန်လ (၇) ရက်က ထုတ်ပြန်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာအရ သိရသည်။

အဆိုပါ ပမာဏမှာ ပြီးခဲ့သည့် ၂၈ ရက် ( ဧပြီ (၃) ရက်မှ (၃၀) ရက်အထိ) နှင့် နှိုင်းယှဉ်ပါက တစ်ကမ္ဘာလုံးတွင် ကိုဗစ် ရောဂါကူးစက်မှု အသစ် ရာခိုင်နှုန်း ၃၀ မှ ၃၉ ရာခိုင်နှုန်းကြား ကျဆင်းသွားကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ မေလ ၂၈ ရက်အထိ တစ်ကမ္ဘာလုံးတွင် ကိုဗစ် အတည်ပြု လူနာပေါင်း ၇၆၇ သန်းကျော်အထိရှိပြီး သေဆုံးသူ ၆ ဒဿမ ၉ သန်းကျော်ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ဇွန်လ ၅ ရက်၊ ည ၈နာရီမှ ဇွန်လ ၆ ရက်၊ ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၃၇၄ ခုအား စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၇၀ ဦး တွေ့ရှိခဲ့ပြီး ဇွန်လ ၆ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၃၉, ၃၀၉ ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ၁၉,၄၉၄ ဦး ရှိကြော င်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here