အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် ၁၄ ခု အပါအဝင် ဆုတံဆိပ်ပေါင်း ၅၄ ခု ဆွတ်ခူးရရှိထား

0
98

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသော (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့သည် ဇွန်လ ၇ ရက်နေ့ ပွဲစဥ်ပြီးသည့်အချိန်အထိ ရွှေတံဆိပ် ၁၄ ခု၊ငွေတံဆိပ် ၂၂ ခုနှင့် ကြေးတံဆိပ် ၁၈ ခု ဆွတ်ခူးရရှိထားကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့သည် ပြေးခုန်ပစ်အားကစားနည်းမှ ရွှေတံဆိပ်ဆု ၁၂ ခုနှင့် ရေကူးအားကစားနည်းမှ ရွှေတံဆိပ်ဆု ၂ ခု (စုစုပေါင်း ဆုတံဆိပ် ၁၄ ခု) ရရှိထားသည်။

ထို့ပြင် ပြေးခုန်ပစ်အားကစားနည်းမှ ငွေတံဆိပ်ဆု ၁၃ ခုနှင့် ရေကူးအားကစားနည်းမှ ငွေတံဆိပ်ဆု ၆ ခု၊ အလေးမကစားနည်းမှ ၃ ခု (စုစုပေါင်း ဆုတံဆိပ် ၂၂ ခု )ရရှိထားသည်။

ကြေးတံဆိပ်ဆုများကို ပြေးခုန်ပစ်အားကစားနည်းမှ ၁၀ ခု၊ ရေကူးအားကစားနည်းမှ ၄ ခု စစ်တုရင်ကစားနည်းမှ ၂ ခု၊ အလေးမကစားနည်းမှ ၂ ခု (စုစုပေါင်း ဆုတံဆိပ် ၁၈ ခု) ရရှိထားသည်။

မြန်မာအားကစားအဖွဲ့သည် ဇွန်လ ၈ ရက်(ယနေ့)တွင်လည်း စစ်တုရင်၊ ရေကူး၊ ဘော်လီဘော၊ ဂိုလ်းဘော၊ ဘောလုံး၊ စားပွဲတင်တင်းနစ် အားကစားနည်းများကို ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here