သွင်းကုန်သမားများအတွက်လိုင်စင် စနစ် စတင်အသုံးပြုမည့်ရက်အား ဇွန်လ ၂၂ ရက်နေ့သို့​ရွေ့

0
174

သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်ရေးအတွက် Automatic Licensing နှင့် Non-Automatic Licensing စနစ် စတင်အသုံးပြုခြင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့အစား ဇွန် ၂၂ ရက်နေ့သို့ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

ဇွန်လ ၁ ရက်နေ့ မှစတင်ပြီး သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းကို အလိုလျောက်စနစ်ဖြင့် စတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ပြီးခဲ့သည့်မေလပိုင်းမှာ ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ‌Trade Net 2.0 စနစ်ဖြင့် Automatic Licensing စနစ်ဖြင့် ခွင့်ပြုသွားမည့် သွင်းကုန် ကုန်စည်လိုင်းပေါင်း ၃၀၇၅ လိုင်းအား MACCS စနစ်တွင် သွင်းကုန်လိုင်စင်လိုအပ်သော အကောက်ခွန်နှုန်းလိုင်းများအဖြစ် Setting ထားရှိပြီးဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here