လျှပ်စစ်သုံး (EV) ကား (၃၆) စီး ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ

0
156

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီ (၃) ခုမှ တင်သွင်းလာသည့် လျှပ်စစ်သုံး (EV) ကား (၃၆) စီး ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။

Auto Top Power Co., Ltd. မှတင်သွင်းလာသည့် Honda ENS1 အမျိုးအစား EV ကား (၉) စီး၊ Faw Toyota BZ4X အမျိုးအစား EV ကား (၆) စီး၊ Myanmar Brilliance Auto Co., Ltd. မှတင်သွင်းလာသည့် Kaiyi B-EV အမျိုးအစား EV ကား (၆) စီးနှင့် Chin Dwin Shan Construction Co., Ltd. မှတင်သွင်းလာသော BYD Dolphin အမျိုးအစား EV ကား (၁၅) စီး (စုစုပေါင်း ၃၆ စီး) ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ရောက်ရှိလာသည့် EV ကားများအား ဇွန်လ ၇ ရက်တွင် တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းနှင့် အ ညီထုတ်ယူခွင့်ပြုခဲ့ကာ ယင်း EV ကားများတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here